Monday, September 26, 2016

*** ချွေးပေါက်လေးတွေ ကျဉ်းမယ် ***
===========================
ခုတစ်ခါရေးပေးမယ့်အကြောင်းအရာလေးကတော့ ချွေးပေါက်လေးတွေကျဉ်းစေမယ့် သဘာဝအတိုင်းပေါင်းတင်နည်းလေးဖြစ်ပါတယ်။

မျက်နှာမှာချွေးပေါက်တွေကျယ်နေရင် ပြင်ပမှဖုန်များ ၊အညစ်အကြေးများ အရေပြားအတွင်းသို့ အလွယ်တကူဝင်ရောက်နိုင်ပြီး ၀က်ခြံတို့ ဆားဝက်ခြံ အလွယ်တစ်ကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်လေးတွေ မကျယ်နေဖို့ အရေးကြီးပါတယ်။ ချွေးပေါက်မကျယ်မှ အညစ်အကြေးများ အရေပြားထဲကို အလွယ်တကူမ၀င်ရောက်နိုင်တော့မှာပေါ့။ ဒါပေမယ့်လည်း ချွေးပေါက်တွေကို ကျဉ်းပေးရုံနဲ့မပြီးသေးဘူးနော်။ ချွေးပေါက်ထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကိုလည်း သန့်စေပေးဖို့ လိုပါသေးတယ်။ ဒါကလည်း အရေးကြီးတဲ့အချက်ပါပဲ။

ချွေးပေါက်တွေထဲမှာရှိနေတဲ့ အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပြီး ၊ ချွေးပေါက်တွေကိုပါ ကျဉ်းပေးမယ့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ပေါင်းတင်နည်းလေး ရေးပေးမယ်နော်။ ဒါ့အပြင် ဒီနည်းလေးက အသားအရေကိုလည်းပိုမိုဖြူဝင်းလာစေတဲ့အပြင် ၀က်ခြံတွေကိုလည်း လျော့ပါးစေပါတယ်။

သုံးရမယ့် ပစ္စည်းလေးကတော့ တစ်မျိုးတည်းပါ။ Baking Soda (မုန့်ဖုတ်ဆိုဒါ) ဖြစ်ပါတယ်ရှင်။

Step1 ~ မျက်နှာကို မိမိသစ်နေကျ မျက်နှာသစ်ဆေးဖြင့် စင်ကြယ်စွာဆေးကြောပါ။
Step2 ~ Baking Soda (မုန့်ဖုတ်ဆိုဒါ) စားပွဲတင်ဇွန်း နှစ်ဇွန်း စာကို ရေနဲ့ရောပါ။
Step4 ~ Baking Soda နဲ့ ရေ အရောကို ပျစ်ပျစ်လေးဖြစ်သည်အထိ နှံ့စပ်စွာ နယ်ပေးပါ။
Step5 ~ Baking Soda နဲ့ ရေ အရောကို မျက်နှာပေါ်လိမ်းပြီး စက္ကန့် ၃၀ လောက် မျက်နှာအား ညှင်သာစွာ ပွတ်တိုက်ပေးပါ။
Step4 ~ မျက်နှာအား ရေနဲ့စင်ကြယ်စွာဆေးကြောပေးပါရှင်။ (မျက်နှာသစ်ဆေးသုံးရန်မလိုတော့ပါ)

ဒီနည်းလေးအတိုင်း တစ်ပါတ်တစ်ခါလောက်ပုံမှန်လုပ်ပေးပါက ချွေးပေါက်ထဲမှ အညစ်အကြေးများ သန့်စင်သွားပြီး ချွေးပေါက်လေးများပျောက်သွားမယ့်အပြင် ၀က်ခြံများလျော့ပါးစေပြီး အသားအရေကိုလည်း ဖြူဝင်းလာစေပါတယ်ရှင်.......

 credit- Uniq Han

No comments:

Post a Comment