![]() |

~~~~~~~~~~~~~~~~~~~~~~~~~
Concealer ဆိုတာဘာလဲ??
လှလှပပလေးသုံးနှုန်းမယ်ဆို သူက "ပါရမီဖြည့်ဘက်"လေးပါ
ဘယ်လောက်ပဲ coverage ကောင်းတဲ့ foundation လိမ်းပါစေ မျက်ကွင်းတအားညိုတာ မျက်နှာအရောင်မညီတာတွေကို ၁၀၀% မဖုံးပေးနိုင်ပါဘူး
အဲ့ဒီအတွက်ကျမတို့က concealer ကိုသုံးကြရပါတယ်
အရည်အသွေးကောင်းတဲ့ concealer များဟာ အသားအရောင်မညီမှု အရေးအကြောင်းနဲ့ မျက်ကွင်းညိုတာတွေကိုသိသိသာသာဖုံးကွယ်ပေးနိုင်ပြီး အရည်အသွေးမကောင်းတဲ့ concealer တွေကတော့၎င်းတို့ကိုပိုမိုသိသာထင်ရှားစေပါတယ်
Concealer ဘယ်နမျိုးရှိလဲ??
(1)liquid concealer
(2)stick concealer
(3)cream concealer
(4)cream to powder concealer
(5)colour correcting concealer ဆိုပြီးယေဘုယျအားဖြင့်ရှိပါတယ်
Concealer ကိုဘယ်လိုရွေးချယ်အသုံးပြုရမလဲ??
မိမိအသားအရေနဲ့လိုအပ်ချက်ပေါ်မူတည်ပြီးရွေးချယ်ရပါတယ်
အသားအရေခြောက်သော dry skin ပိုင်ရှင်များက liquid concealerကိုလုံးဝမသုံးသင့်ပါဘူး မိမိအသားအရေကိုပိုမိုခြောက်သွေ့စေလို့ပါ
အဆီပြန်ပြီးချွေးပေါက်ကျယ်သောသူများက creamy and stick concealer များကိုချွေးပေါက်တွေကိုဖုံးချင်တယ်ဆိုပြီးချွေးပေါက်ပေါ်မှာမလိမ်းသင့်ပါဘူး
အဲ့လိုလိမ်းခြင်းအားဖြင့် ချွေးပေါက်ကျယ်တာကိုပိုမိုမြင်သာစေပြီး ချွေးပေါက်လဲပိတ်ဆို့နိုင်ပါတယ်
ချွေးပေါက်ကျယ်တဲ့လူများက pore filler လို primer မျိုးသာလိမ်းသင့်ပါတယ်
Concealer ဝယ်တဲ့အခါအနည်းဆုံး medium coverage ရှိတာမျိုးကိုဝယ်ယူသင့်ပါတယ်
မျက်ကွင်းညိုတာနဲ့အညိုစက်များကိုဖုံးချင်ရင် မိမိအသားအရေထက် ၁ဆင့် သို့်မဟုတ် ၂ဆင့်ဖြူတာကိုရွေးပေးရပါတယ်
အခြားနေရာများအတွက်ဆိုရင်တော့ မိမိလိမ်းတဲ့ foundation အရောင်နဲ့ကိုက်ပြီးသုံးရပါတယ်
Foundation က natural color ဆို concealer ကိုလဲ natural အရောင်သုံးရတယ်လို့ဆိုလိုချင်တာပါ
၂မျိုးမဝယ်ချင်လို့ဆိုလဲစောနကမျက်လုံးအောက်သုံးတဲ့ ပိုဖြူတဲ့ဟာလေးကိုပဲသုံးပြီး loose powder ပုတ်ပြီးပြန်ဖြည်နိုင်ပါတယ်
Concealer ကိုဘယ်လိုသုံးရတာလဲ??
သန့်ရှင်းသောလက်, ဖော့တုံး , brush တွေနဲ့ညင်သာစွာအသုံးပြုပေးရပါတယ်
များသောအားဖြင့် concealer တွေကို foundation လိမ်းပြီးသုံးပေးကြပါတယ်
ချွင်းချက်အနေဖြင့် foundation က liquid foundation မဟုတ်ပဲ powder foundation အသုံးပြုသူဖြစ်ပါက liquid concealer ကိုထပ်မသုံးသင့်ပါဘူး
Concealer အရင်သုံးပြီးမှ powder foundation သုံးပေးရပါတယ်
ထို့အပြင် colour correcting concealer ကိုလဲ foundation မလိမ်းခင်အရင်သုံးပေးရပါတယ်။
(1)Liquid concealer
Normal,combination,oily,sensitive skin များအတွက်သင့်တော်ပါတယ်
Light to full coverage ပေးပါတယ်
Liquid concealer ကို အသုံးပြုတာလွယ်ကူခြင်း လက်မဝင်ခြင်း အသားအရေတော်တော်များများမှာအဆင်ပြေခြင်း(except dry skin) တို့ကြောင့်ကျယ်ကျယ်ပြန့်ပြန့်သုံးကြပါတယ်
ဝက်ခြံတွေကိုဖုံးချင်တဲ့အခါအသုံးပြုနိုင်ပါတယ် တခြားသော creamy concealer များလို့ cakey(ပျစ်ခဲ)သွားခြင်းမရှိပဲ breakout ဖြစ်နေတဲ့ skin ကိုလဲပိုဆိုးစေခြင်းမရှိပါဘူး
အရေးအကြောင်းရှိတဲ့နေရာတွေကိုဖုံးအုပ်ချင်တယ်ဆိုလဲ liquid concealer ကို recommend လုပ်ကြပါတယ်။
(2)Stick concealer
Normal,dry and sensitive skin များအတွက်သင့်တော်ပါတယ်
Medium to full coverage ပေးပါတယ်
Lipstick လိုအချောင်းပုံနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး thick creamy texture ရှိပါတယ်
အသုံးပြုမယ့်နေရာမှာအရင်ဆွဲ ဆွဲပြီးမှ blend ပြန်လုပ်ရတဲ့ concealer တမျိုးဖြစ်ပါတယ်
မျက်ကွင်းညိုတာကိုကောင်းမွန်စွာဖုံးကွယ်ပေးနိုင်ပါတယ်
ဝက်ခြံကြောင့်နီမြန်းမှုတာတွေ အညိုစက်တွေကိုလဲဖုံးပေးနိုင်ပါတယ်
Coverage ကောင်းတယ်ဆိုတဲ့အချက်ကြောင့်ဝက်ခြံရှိတဲ့သူတွေအရမ်းကြိုက်ကြပါတယ်
သို့သော် stick ပုံစံလေးမြဲနေအောင်ပြုလုပ်ထားတဲ့ပါဝင်ပစ္စည်းတွေက အခန့်မသင့်ရင်ချွေးပေါက်ပိတ်စေပြီး breakout ကိုပိုဆိုးစေနိုင်ပါတယ်။
(3)Cream concealer
Normal,dry,combination,sensitive skin များအတွက်သင့်တော်ပါတယ်
Medium to full coverage ပေးပါတယ်
Concealer ထဲမှာ coverage အကောင်းဆုံးလို့သတ်မှတ်ကြပါတယ်
Cream concealer ကိုခွက်သေးသေးထဲသိပ်ထားတဲ့ပုံစံနဲ့ထုတ်ကြတာများပါတယ်
Coverage ကောင်းတဲ့အတွက်ကြောင့် melasma လိုမျိုး skin pigmentation ကိုကောင်းမွန်စွာဖုံးအုပ်ပေးနိုင်ပါတယ်
(Melasma ဆိုတာနဖူး ပါး နှာရိုး မေးစေ့တို့မှာတွေ့ရတတ်တဲ့ အညို or grey brown လိုအရောင်ရှိတဲ့အကွက်အပြောက်တွေကိုခေါ်တာပါ)
Cream concealer တွေကပိုထူပြီးသိပ်သိပ်သည်းသည်းဖြစ်တာမို့ liquid concealer ထက်ပိုပြီး coverage ကောင်းပါတယ်
ဒါပေမယ့်သေချာ blend မလုပ်ပေးဘူးဆိုရင်တော့ အပုံလိုက်လေးတင်နေသလိုဖြစ်နေပါလိမ့်မယ်
အရေးအကြောင်းကိုဖုံးအုပ်ဖို့အတွက် cream concealer ကိုမသုံးသင့်ပါဘူးတဲ့
ဘာလို့လဲဆိုတော့အရေးအကြောင်းကြားလေးတွေထဲဝင်ပြီး ပိုမိုသိသာစေတတ်လို့ပါ
Normal,slightly dry,combination,sensitive skin များအတွက်သင့်တော်ပါတယ်
Light to medium coverage ပေးပါတယ်
(4)Cream to powder concealer
Powder pact လိုပုံစံနဲ့ထုတ်ကြပါတယ်(တခါမှတော့မတွေ့ဖူးပါ)
Creamy လဲဖြစ်တယ် powder လိုချောချောမွေ့မွေ့လဲဖြစ်လို့အသုံးပြုရတာလွယ်ပါတယ်
မြန်မြန်တော့ blend လုပ်ပေးရပါတယ်
အရေးအကြောင်းရှိတဲ့နေရာတွေမှာသုံးရင် နာရီအနည်းငယ်ကြာတဲ့အခါ ကြားလေးတွေထဲစိမ့်ပြိးပိုသိသာစေပါတယ်
ဝက်ခြံပေါက်သော acne prone skin များ အသားအရမ်းခြောက်သောသူများသုံးရန်မသင့်တော်ပါ။
Creamy လဲဖြစ်တယ် powder လိုချောချောမွေ့မွေ့လဲဖြစ်လို့အသုံးပြုရတာလွယ်ပါတယ်
မြန်မြန်တော့ blend လုပ်ပေးရပါတယ်
အရေးအကြောင်းရှိတဲ့နေရာတွေမှာသုံးရင် နာရီအနည်းငယ်ကြာတဲ့အခါ ကြားလေးတွေထဲစိမ့်ပြိးပိုသိသာစေပါတယ်
ဝက်ခြံပေါက်သော acne prone skin များ အသားအရမ်းခြောက်သောသူများသုံးရန်မသင့်တော်ပါ။
(5)Colour correcting concealer
မျက်ကွင်းအရမ်းညိုလို့ပြာနှမ်းနှမ်းဖြစ်နေတာတွေ အလွန်အမင်းနီမြန်းတာတွေ foundation နဲ့အခြားသော concealer များနဲ့ဖုံးလို့မရတော့တဲ့အချိန်မှာသုံးနိုင်ပါတယ်
လွယ်လွယ်ပြောရရင် ညီညာတဲ့အသားအရောင်ဖြစ်ဖို့အရောင်ညှိပေးတဲ့ concealer ပါ
မြန်မာနိုင်ငံကလူတွေနဲ့တော့အရမ်းမလိုဘူးလို့ထင်ပါတယ်
အသားအရောင်ဆိုးဆိုးရွားရွာ မညီမညာဖြစ်တာတွေကအနောက်တိုင်းသူတွေဖြစ်တာများပါတယ်
သတိပြုရန်တချက်မှာ colour correctorကသဘာဝမကျတဲ့အရောင်တွေဖြစ်တာမို့၎င်း ကို foundationမလိမ်းခင်သုံးပေးရပါတယ်
Purple: မျက်နှာဝါတာတွေ(sallow skin) ကို ညှိပေးပါတယ်
Yellow: deep purple tone တွေဖြစ်တဲ့မျက်ကွင်းအလွန်ညိုတာတွေ အမာရွတ်တွေကိုညှိပေးပါတယ်
Green : နီမြန်းတာကို neutralizes လုပ်ပေးပါတယ်
Pink : အသားဖြူတဲ့လူတွေမှာ blue cast တွေရှိရင်သုံးနိုင်ပါတယ် dull ဖြစ်နေတာကိုပြင်ပေးတာပါ
Concealer အကြောင်းကတော့သိသလောက်ကဒါပါပဲ
Google website တွေမှာလေ့လာဖတ်ကြည့်ဘာသာပြန်ပြီးမိန်းကလေးများအကျိုးရှိစေဖို့ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်ရှင်
No comments:
Post a Comment