Friday, October 21, 2016



အဆီပြန်တဲ့အသားအရေဆိုတာ
=================
မှန်ကြည့်လိုက်တာနဲ အဆီပြန်လွန်းလို့စိတ်ညစ်ရတယ်မလား။အဆီဂလင်းတွေက အဆီထုတ်လုပ်မှုပုံမှန်ထက်ကိုများနေလို့ဖြစ်ရတာပါ။ဘာကြောင့်ဖြစ်ရတာလဲ?ခန္ဓာကိုယ်ရဲ့ဟော်မုန်းlevel ၊မျိုးရိုး၊ အစားအသောက်၊အနေအထိုင်မမှန်တာ၊အသားရေနဲ့မကိုက်ညီတဲ့ cosmetics တွေကိုမှားယွင်းပြီးသုံးစွဲမိတာတာကလည်း အဆီထုတ်လုပ်မှုပိုမိုမြင့်လာအောင် နှုံဆော်ပေးပါတယ်။

အဆီပြန်တဲ့အသားရေက moisture လိမ်းဖို့လိုလို့လား
အဆီပြန်တဲ့အသားရေအတွက် moisture လိုအပ်ပါတယ်။အဆီပြန်လို့ဆိုပြီး moisture မသုံးခဲ့ရင်အသားရေကခြောက်သွေ့သွားတဲ့အတွက် အရေပြားကအဆီဓာတ်ကိုပိုမိုထုတ်လုပ်သွားပါတယ်။oily skin တွေအတွက် moisture ကအသားရေစိုပြေအောင်လုပ်ပေးပြီး အဆီထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။အဆီပြန်တဲ့အသားရေအတွက် ရေဓာတ်ကိုအခြေခံတဲ့moisture ကိုသုံးပေးရပါမယ်။

အဆီပြန်တဲ့အသားရေပိုင်ရှင်တွေ လိုက်နာသင့်တဲ့အချက်များ
(၁) တစ်နေ့ကိုမျက်နှာ(၂) ကြိမ်သစ်ပေးပါ။ညဘက်အိပ်ခါနီး မျက်နှာမသစ်ဘဲလုံးဝမအိပ်လိုက်ပါနဲ့။Scrub လုပ်တာကို တစ်ပတ်မှာ (၂) ကြိမ်ကနေ(၃) ကြိမ်ထိလုပ်ပေးလို့ရပါတယ်။ဒီထက်ပိုပြီးတော့မလုပ်သင့်ပါဘူး။

(၂) Toner သုံးပေးပါ။
တိုနာက မျက်နှာပေါ်ကအညစ်အကြေးအကြွင်းအကျန်တွေ၊ မိတ်ကပ်နဲ့ Clenaser အကြွင်းအကျန်ကိုသန့်စင်မှုပြုလုပ်ပေးနိုင်ပြီးတော့ အရေပြားအပေါ်ယံအလွှာကဆဲလ်အသေကိုဖယ်ရှားပေးတဲ့အပြင် pH level ကို ထိန်းညှိပေးနိုင်ပါတယ်။အဆီပြန်ခြင်းကြောင့်ကျယ်နေတဲ့ ချွေးပေါက်တွေကိုလည်းကျဉ်းပေးနိုင်ပါတယ်။

(၂) Cosmetics တွေကိုဝယ်ယူတဲ့အခါမှာ oil-free or water based products တွေကို ရွေးချယ်ဝယ်ယူပါ။

(၃) Protein ပါတဲ့အစားအသာက်ကိုများများစားပါ။အရွက်တွေနဲ့ အသီးအနှံတွေကိုများများစားပါ။အချိုနဲ့အဆီကို တတ်နိုင်သလောက်လျော့ပါ။အချိုဓာတ်များတဲ့ သံဘူးအချိုရည်တွေအစား သစ်သီးဖျော်ရည်ကိုသောက်ပါ။ချောကလက်တွေ၊ready-made အစားအစာတွေ၊အကြော်တွေကို အဆီဂလင်းကအဆီိပိုထုတ်လုပ်စေတာမို့ မရှောင်နိုင်တောင်လျော့စားပါ။

(၄) စိတ်ဖိစီးမှုများတဲ့အခါ အဆီအိတ်တွေကအဆီဓာတ်ကို ပိုမိုထုတ်လွှတ်ပေးပါတယ်။အဆီဓာတ်များခြင်းကြောင့် ချွေးပေါက်မှာပိတ်ဆို့မှုတွေဖြစ်ပြီး အဖုအပိမ့်တွေဖြစ်ပေါ်လာနိုင်ပါတယ်။

အဆီပြန်တဲ့အသားရေကို ဘယ်လိုထိန်းသိမ်းမလဲ
========================
အချိန်ကုန်လည်းသက်သာ၊ ငွေကုန်ကြေးကျလည်းမများတဲ့ မီးဖိုချောင်ကပစ္စည်းလေးတွေနဲ့ ပေါင်းတင်နည်းကို ဝေမျှပေးလိုက်ပါတယ်။
ထောပတ်သီး+ရှောက်ရည်+ဘဲဥအကာ
အဆီပြန်တဲ့အသားရေအတွက် အကောင်းဆုံးမျက်နှာပေါင်းတင်နည်းကတော့- ထောပတ်သီး၊ရှောက်ရည်နဲ့ ဘဲဥအကာတို့ပေါင်းစပ်ထားတဲ့အရည်ကို မျက်နှာပေါ်မှာ (၁၅)မိနစ်လောက်ထားပါ။ပြီးရင် ရေနွေးနွေးလေးနဲ့ပြန်ဆေးချလိုက်ပါ။ထောပတ်သီး(သို့)ဘဲဥအကာတို့က အဆီပြန်တဲ့အသားရေအတွက် အရမ်းကောင်းတာမို့ သူ့တစ်မျိုးတည်းလည်းပေါင်းတင်လို့ရပါတယ်။

ရှောက်ရည်
ရှောက်ရည်ထမင်းစားဇွန်းတစ်ဇွန်းနဲ့ရေဇွန်းတစ်ဝက်ကိုရောပြီး Cotton pad လေးနဲ့မျက်နှာကိုသုတ်လိမ်းပေးပါ။(၁၅)မိနစ်ကြာရင်ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။Lemon juice က အဆီကိုဖယ်ပစ်လိုက်တာမို့ ရေဓာတ်အခြေခံတဲ့ moisture ထပ်လိမ်းပေးလိုက်ပါ။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးနဲ့ပေါင်းတင်နည်းကိုတော့ Uniq Han Page မှာအသေးစိတ်ရေးပြီးပြီမို့ အဲမှာပဲဖတ်ကြည့်လိုက်ပါနော်

သခွားသီး
သခွားသီးနဲ့ပေါင်းတင်နည်းကတော့ သိပြီးသားမို့အထွေအထူးပြောစရာမလိုတော့ပါဘူးနော်။

ဂျုံမှုန့်နဲ့ရှားစောင်းလက်ပတ်အရော
ဂျုံမှုန့်လက်တစ်ဆုပ်စာနဲ့ ရှားစောင်းလက်ပတ်အသား(သို့)gel ကို ရောပြီးမျက်နှာကိုသုတ်လိမ်းပေးပါ။ (၅)မိနစ်လောက်ကြာရင် ရေဆေးချလိုက်ပါ။တစ်ပတ်ကိုတစ်ကြိမ်လောက်ပြုလုပ်ပေးပါ။

ပန်းသီးနဲ့ပျားရည်အရော
ပန်းသီးတစ်လုံးကိုကြိတ်ချေပြီး ပျားရည်(၃)ဇွန်းနဲ့ရောပြီး မျက်နှာတ၀ိုက်လိမ်းပေးပါ။ (၁၅) မိနစ်လောက်ကြာရင် ရေအေးနဲ့ဆေးချလိုက်ပါ။တစ်ပတ်ကို(၂) ကြိမ်မှ (၃) ကြိမ်ထိပြုလုပ်နိုင်ပါတယ်။
#ပျိုမေအားလုံးလှပေစေဖို့


 

လက်သည်းဝါ၀ါ ညစ်ညစ်တွေချက်ချင်းဖြူသွားစေနည်း
===========================
လက်သည်းဆိုးဆေးအရောင်ရင့်တွေက ဆိုးထားတုန်းခဏတော့ တအားလှနေပေမယ့် ပြန်ဖျက်တဲ့အခါကျရင် စိတ်ညစ်ရပါတယ်။တော်ရုံနဲ့ ဖျက်လို့မပြောင်သလို ပြောင်အောင်ဖျက်ပြီးရင်လည်းဝါညစ်ညစ်ကြီးကျန်နေတတ်ပါတယ်။ဒါပေမယ့်စိတ်မပျက်လိုက်ပါနဲ့။လက်သည်းဝါတွေကို ဖြူဝင်းသွားစေမယ့် နည်းလမ်းရှိပါတယ်။

လိုအပ်တဲ့ပစ္စည်းကတော့ -
သွားတိုက်ဆေးနဲ့လက်သည်းဘရပ်ရှ်(လက်သည်းဘရပ်ရှ်မရှိရင် သွားပွတ်တံကိုလည်းသုံးလို့ရပါတယ်)

အသုံးပြုပုံ -
သွားတိုက်ဆေးပဲစေ့တစ်စေ့စာလောက်ကို လက်သည်းခွံတစ်ခုချင်းဆီပေါ်တင်ပြီး လက်သည်းတစ်ခုလုံးသွားတိုက်ဆေးဖုံးသွားအောင် ဖြန့်ချလိုက်ပါ။မိနစ်အနည်းငယ်ကြာထားပြီးတဲ့နောက် သွားပွတ်တံနဲ့ဖြည်းဖြည်းချင်းတိုက်ချွတ်လိုက်ပါ။ လက်ကိုရေနဲ့ပြောင်စင်အောင်ဆေးလိုက်ပါ။အ၀ါတွေကျန်နေသေးရင် နောက်တစ်ကြိမ်ထပ်လုပ်ကြည့်ပါ။

သွားတိုက်ဆေးမှာပါတဲ့ Peroxide နဲ့ Baking ဆိုဒါမှုန့်တွေဟာ သွားများကိုဖြူဖွေးသန့်စင်စေသလို လက်သည်းတွေကိုလည်း ဖြူဖွေးသန့်စင်စေနိုင်ပါတယ်
#ပျိုမေအားလုံးလှပေစေဖို့
Credit:ဒေါက်တာနုမြတ်သိဂီင်္ဦး



Wednesday, October 12, 2016


 လှပသောလက်လေးများအတွက် 
===================
ကျွန်မတို့မိန်းကလေးတွေအများစုက မျက်နာအသားရေကိုတော့ ဂရုစိုက်တတ်ကြပေမယ့် လက်လေးတွေကိုဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။တကယ်ဆိုရင်..လက်လေးတွေက အပြင်ကအရာဝတ္ထုတွေနဲ့တိုက်ရိုက်ထိတွေ့ရတယ်၊ နေရောင်ခြည်ဒဏ်ကိုအခံရဆုံး၊ Keyboard ခလုတ်လေးတွေ၊ တံခါးဖွင့်တဲ့အခါ၊ ကားမောင်းတာ အစရှိတာတွေကို သူတို့ပဲလုပ်ဆောင်ပေးနေရတာလေ။
စဉ်းစားကြည့်မယ်ဆိုရင် ပိုးမွှားတွေအများဆုံးကူးနိုင်တဲ့နေရာဖြစ်ပြီးတော့ ကျွန်မတို့တွေသူ့အတွက် နည်းနည်းလေးရုစိုက်ပေးဖို့တောင် မေ့လျော့နေတယ် မဟုတ်လား…

တချို့ပြောလေ့ရှိတဲ့စကားတစ်ခွန်းက လူတစ်ယောက်ရဲ့လက်လေးတွေကိုကြည့်လိုက်ရုံနဲ့အသက်ကိုခန့်မှန်းနိုင်ပါတယ်တဲ့။ ဟုတ်ပါတယ်။အသားရေစတင်ပျက်စီးလာပြီဆိုရင် အရင်ဆုံးပြတဲ့နေရာက လက်လေးတွေနဲ့လည်ပင်းပါ။မျက်နှာကလှနေပေမယ့် လည်ပင်းနဲ့လက်မှာ အရေးကြောင်းတွေနဲ့ဆို တော်တော်လေးကြည့်ရဆိုးပါတယ်

မျက်နှာအသားရေကိုလိမ်းသလိုပဲ လည်ပင်းနဲ့လက်လေးကိုလည်း လိုအပ်တဲ့အာဟာရဓာတ်ဖြည့်ပေးဖို့လိုအပ်ပါတယ်။လက်လေးတွေကို အပြင်ကပြန်လာတဲ့အခါတိုင်း ပိုးမွှားတွေကပ်မနေအောင် အရမ်းမပြင်းတဲ့ဆပ်ပြာ(သို့) Moisturzing Hand Soap နဲ့ဆေးပေးမယ်။ ပြီးရင်ခြောက်သွေ့အောင်ထားမယ်။ဘေစင်မှာ Hand cream တစ်ဘူးထားပြီး လက်ဆေးပြီးတိုင်း သုံးပေးမယ်၊ ရုံးမှာဆိုရင်လည်း အလုပ်စားပွဲမှာ၊ ကားပေါ်မှာတင်ထားပြီး သတိရတဲ့အခါတိုင်းလိမ်းပေးမယ်ဆိုရင် အသားရေအိုမင်းမှုကိုအထိုက်အလျောက် ကာကွယ်ပြီးသားဖြစ်မှာပါ။အမျိုးအစားကောင်းတဲ့ Hand Cream ကိုရွေးသုံးပေးဖို့တော့လိုတာပေါ့နော်။

အသားရေစိုပြေအောင်တစ်နေ့ကိုအနည်းဆုံးရေ (၂)လီတာလောက်သောက်ပေးမယ်၊ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ၊ပန်ကန်းတွေအများကြီးဆေးဖို့ရှိတဲ့အခါမျိုးမှာဆိုရင် လက်အိတ်လေးစွပ်ပြီးလုပ်ပေးမယ်ဆိုရင် အသားရေထိခိုက်မှု့နည်းသွားတာပေါ့…

ပျိုမေတို့အလှအပနဲ့ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာရှိရင် Comment လေးပေးခဲ့ကြပါလားဟင်။အလျဉ်းသင့်သလို ရေးပြီးတင်ပေးပါမယ်
#ပျိုမေအားလုံးလှပေစေဖို့
Someday perfume by Justin Bieber
~~~~~~~~~~~~~~~~~~~~~
 Perfume လန်းလန်းလေးကြိုက်သူများအတွက်----
Bieber Fans များအကြိုက်နော်  ---
 Price - 25,000 kyat.

 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...

Tuesday, October 11, 2016


SK-II Facial Lift Emulsion
~~~~~~~~~~~~~~~~
အရွယ်တင်နုပျိုစေဖို့ အသားအရည်တင်းရင်းမှုကလည်းအရေးပါသလို
မျက်နှာ မှာ အဖု အပိမ့် ကင်းပြီး ချောမွတ်လှပဖို့ကလည်း အရေးပါပါတယ်။
အဲ့လို အရေးပါတဲ့ ၂ မျိုးလုံးအတွက် ထိရောက်ကောင်းမွန်တဲ့ SKII - Facial
Lift Emulsion ကို သုံးစွဲဖို့တိုက်တွန်းပါရစေ။
အသားအရည်တင်းရင်းပြီး အရွယ်ကြီးရင့်မှုကိုဟန့်တားပေးတဲ့အပြင် ဝက်ခြံ
ဆားဝက်ခြံ နဲ့ အနီဖုတွေ အဖုအပိမ့် တွေကိုပျောက်ကင်းသက်သာစေပါတယ်။

SKII - Facial Lift Emulsion (In stock)
 Price - 145,000 kyat.

 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...

မျက်ဝန်းတ၀ိုက်အရေးကြောင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
==================================
မျက်လုံးတ၀ိုက်အရေးပြားဟာ အရမ်းကိုပါးလွှာခြင်း၊ အစိုဓာတ်ထိန်းသိမ်းမှုအားနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် အရေးကြောင်းစတင်ဖြစ်ပွားပြီး အိုမင်းမှုကိုအရင်ဆုံးပြသပေးတဲ့နေရာလည်းဖြစ်ပါတယ်။ အသက်(၂၀)ကျော်ကစပြီး မျက်ဝန်းတ၀ိုက်နဲ့ နှုတ်ခမ်းတ၀ိုက်မှာ Collagen ထုတ်လုပ်မှုကျဆင်းလာလို့ အရေးကြောင်းတွေစတင်ပေါ်ပေါက်လာပါတယ်။
ရေဓာတ်လည်းသိသာစွာ လျော့နည်းလာတဲ့အတွက် အသက်(၂၅)နှစ်အရွယ်မိန်းကလေးတွေအနေနဲ့ eye-cream ကိုစတင်သုံးစွဲပေးဖို့လိုအပ်လာပါပြီ။ eye-cream လိမ်းတဲ့အခါမှာ အစက်ကလေးတွေချပြီး လက်သူကြွယ်လေးနဲ့ အသာအယာပုတ်ပုတ်ပြီးလိမ်းပေးပါ။အတွင်းကနေအပြင်ကိုဆွဲမလိမ်းရပါဘူး။
ဒါ့အပြင် ဒီအချက်လေးတွေက မျက်ဝန်းကိုအနားရစေပြီး အားပြည့်စေပါတယ်။
ကွန်ပျူတာအကြည့်များတဲ့သူတွေအဖို့ နာရီဝက်တစ်ခါလောက်မျက်စိလေးမှိတ်ပြီးတစ်မိနစ်လောက်အနားပေးပါ။ညဘက်အိပ်ခါနီးမိတ်ကပ်ဖျက်တဲ့အခါမှာ မျက်ဝန်းတ၀ိုက်က မိတ်ကပ်တွေကိုသေချာဖျက်ပြီးမှအိပ်ပါ။အိပ်ရေးဝအောင်အိပ်ပါ။မျက်လုံးအားကောင်းစေမယ့် Omega-3, Vitamins-A, C ဓာတ်ပါတဲ့အစားအစာတွေကိုစားပါ။
မုန်လာဥနီ၊ခရမ်းချဉ်သီး၊သရက်သီး၊တိရစ္ဆာန်အသည်း၊ ငရုတ်သီးပွ၊ ပဲတောင့်ရှည်၊ ကန်စွန်းဥ၊ ဒိန်ခဲ၊ နွားနို့၊ ဥအမျိုးမျိုး၊ ငါး၊ ဟင်းနုနွယ်အရွက်တွေကနေ Vitamins-A ဓာတ်ကိုရပါတယ်။သခွားမွှေးသီး၊ သင်္ဘောသီး၊ ပန်းဂေါ်ဖီ၊ မာလကာသီး၊ ဂေါ်ဖီထုပ်နဲ့ ချဉ်တဲ့အသီးတွေမှာ Vitamin C ပါပါတယ်။Omega-3 ကိုတော့ ငါးစားပေးခြင်းဖြင့်ရနိုင်ပါတယ်။
ညဘက် မျက်လုံးကို အနားပေးရင်းသခွားသီး(သို့)အာလူးကိုတင်ပေးပါ။
မျက်အိတ်တွဲကျတာမျိုးဆိုရင် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားတဲ့ စတီးဇွန်းကို မျက်လုံးပေါ်တင်ပေးပါက မျက်အိတ်တွဲကျတာကိုသက်သာစေပါတယ်။
သောက်ပြီးသားလက်ဖက်ရည်အိတ်ကို ရေခဲသေတ္တာထဲထည့်ပြီး မျက်လုံးပေါ်တင်ပေးမယ်ဆိုရင်လည်း မျက်လုံးအတွက်ကောင်းစေပါတယ်။
#ပျိုမေအားလုံးလှပစေဖို့
SK-II Facial Treatment Cream Foundation
~~~~~~~~~~~~~~~~~~~~~~~~~~
SK-II Facial Treatment Cream Foundation က နေပူထဲထွက်တဲ့အခါ ထီးတို့ ဦးထုပ်တို့ စတဲ့အကာအကွယ်တွေပါပေမဲ့လည်း အနည်းနဲ့အများ အသားအရေကိုထိခိုက်စေတယ်လေ။ အသားအရေ နုနယ်တဲ့ မျက်နှာတစ်ဝိုက်ဆိုရင်တော့ နေရောင်ဒဏ်ကြောင့် ချက်ချင်းသိသာစေတဲ့ နေလောင်ပြီး မျက်နှာအသားအရေ ညိုသွားခြင်းတွေအပြင်
တဖြည်းဖြည်းနဲ့အချိန်ကြာမှ သိသာစေတဲ့ တင်းတိပ်တွေလည်းဖြစ်တတ်ပါတယ်။
Skin Care ကောင်းကောင်းသုံးပြီး SPF များများပါဝင်တဲ့ Make Up တွေကိုလည်း သုံးစွဲသင့်ပါတယ်။
SPF 20/ PA ++ ပါဝင်တဲ့ SK-II Facial Treatment Cream Foundation က နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့အပြင် အသားအရေကို တစ်နေ့လုံး ကြည်လင်တောက်ပနေစေပါတယ်။ မိတ်ကပ် နဲ့ နေရောင်နဲ့ထိမိပြီး အသားအရေ ပျက်စီး စေတာမျိုး ကို ပူစရာမလိုတော့အောင် အသား အရေကိုလည်း ထိန်သိမ်းပေးတဲ့ အောက်ခံ မိတ်ကပ် လေးပါနော်။ မိမိတို့ အသားအရောင် နဲ့ လိုက်ဖက်ညီတဲ့ မိတ်ကပ် Color ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။
SK-II Facial Treatment Cream Foundation (In stock)
 Price - 115,000 kyat.

 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...