ဗောက်တွေ သက်သာအောင်ဘယ်လိုလုပ်လဲ
========================
ခေါင်းပေါ်က စိတ်ရှုပ်စရာဗောက်တွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ
ဘာကြောင့်ဖြစ်ပွားရတာလဲ
ဦးရေပြားမကျန်းမာတာ၊ မှိုပိုးတွေပေါက်ဖွားမှုများတာ၊ ဦးရေပြားအဆီပြန်လွန်းတာ၊ ခေါင်းအရမ်းချွေးထွက်တဲ့သူတွေ၊ ရာသီဥတုကြောင့်နဲ့ ဦးရေပြားခြောက်သွေ့လွန်းတာတွေကြောင့်လည်း ဗောက်ဖြစ်စေပါတယ်။တစ်ခါတစ်လေ စိတ်ဖိစီးမှုအရမ်းများတာကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။
ယောက်ျားလေးမှာကော၊မိန်းကလေးမှာရော ဖြစ်ပွားတတ်ပြီး မိန်းကလေးမှာဆိုရင်တော့ တော်တော်ကိုကြည့်ရဆိုးစေပါတယ်။ သူ့ကိုအမြစ်ပြတ် ပျောက်ကင်းစေဖို့ကမလွယ်ကူပေမယ့် သက်သာအောင်တော့လုပ်လို့ရပါတယ်။

သက်သာအောင်ဘယ်လိုလုပ်မလဲ
(၁) ခေါင်းလျှော်တဲ့အခါမှာ anti-dandrufff shampoo တွေသုံးမယ်၊ ရေဆေးချတဲ့အခါမှာ အလျင်စလိုရေလောင်းမချဘဲနဲ့ ခေါင်းမှာshampoo တွေတင်မကျန်ခဲ့အောင် ပြောင်အောင်ဆေးပေးရပါမယ်။
အကယ်၍ အလျင်စလိုလျှော်လိုက်မိလို့ shampoo တွေတင်ကျန်ခဲ့မယ်ဆိုရင် ဗောက်မရှိတဲ့သူတောင် ဗောက်ဖြစ်စေပါတယ်။ ဗောက်ရှိတဲ့သူအဖို့ရေဆေးတဲ့အခါမှာ ဆံသားကိုလက်ချောင်းလေးတွေနဲ့ဆွဲချပြီဆေးတာထက်စာရင် ဦးရေပြားကိုလက်လေးနဲ့ကုပ်ပြီးဆေးတာက ဗောက်လည်းသက်သာစေပြီး ပိုစင်စေပါတယ်။
(၂) Anti-dandruff Shampoo က ဦးရေပြားအတွက်သီးသန့်ထုတ်ထားတာမို့ ဗောက်တွေကိုသက်သာစေပေမယ့် ဆံသားကိုတော့ ကြမ်းစေပါတယ်။ဒါ့ကြောင့် anti-dandruff shampoo သုံးပြီးတိုင်း ဆံသားတွေပျော့ပျောင်းအောင် Conditioner သုံးပေးဖို့လိုအပ်ပါတယ်။ဗောက်အရမ်းများတဲ့သူအတွက်ဆို Conditioner သုံးတဲ့အခါမှာ ဦးရေပြားကိုမထိဘဲနဲ့ဆံသားအဖျားလေးတွေကိုပဲထည့်ပေးပါ။
လွယ်လွယ်ကူကူနည်းလေးတွေနဲ့ကုသမယ်
(၃) ဗောက်အတွက်ဆို Vinegar(ရှာလကာရည်)က ဦးရေပြားပေါ်ရှိဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ယားယံတာကိုလည်းသက်သာစေပါတယ်။ရှာလကာရည်ကို ရေနဲ့ဆတူရောပေးပြီး ဦးရေပြားအနှံ့လိမ်းကျံပေးပြီး မိနစ်အနည်းငယ်ကြာရင် ရေဆေးချပြီး ပုံမှန်အတိုင်းခေါင်းလျှော်ပေးပါ။ခေါင်းလျှော်တဲ့အခါတိုင်း ဆက်တိုက်ဒီလိုမျိုးလုပ်ပေးမယ်ဆိုရင် တော်တော်ကိုသက်သာလာတာတွေ့ရပါတယ်။Vinegar က ပုံမှန် vinegar ထက် Apple Cider Vinegar ကပိုကောင်းပြီး city mart တွေမှာရှာဝယ်လို့ရပါတယ်။
(၄) နောက်တစ်နည်းက Listerine (ခံတွင်းသန့်စင်ဆေးရည်) နဲ့ ရေနဲ့အရောကို ခေါင်းလျှော်ပြီးတဲ့အခါတိုင်း သုံးပေးပါ။ဦးရေပြားကို နှံ့စပ်အောင်နှိပ်ပြီးမိနစ်၂၀ လောက်ကြာရင် ရေဆေးချလိုက်ပါ။
(၅) ဗောက်ရှိတဲ့ဦးရေပြားကို သံပုရာသီးနဲ့ပွတ်တာကလည်း သက်သာစေပါတယ်။
�#�ပျိုမေအားလုံးလှပေစေဖို့�

No comments:
Post a Comment