Tuesday, October 11, 2016


မျက်ဝန်းတ၀ိုက်အရေးကြောင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
==================================
မျက်လုံးတ၀ိုက်အရေးပြားဟာ အရမ်းကိုပါးလွှာခြင်း၊ အစိုဓာတ်ထိန်းသိမ်းမှုအားနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် အရေးကြောင်းစတင်ဖြစ်ပွားပြီး အိုမင်းမှုကိုအရင်ဆုံးပြသပေးတဲ့နေရာလည်းဖြစ်ပါတယ်။ အသက်(၂၀)ကျော်ကစပြီး မျက်ဝန်းတ၀ိုက်နဲ့ နှုတ်ခမ်းတ၀ိုက်မှာ Collagen ထုတ်လုပ်မှုကျဆင်းလာလို့ အရေးကြောင်းတွေစတင်ပေါ်ပေါက်လာပါတယ်။
ရေဓာတ်လည်းသိသာစွာ လျော့နည်းလာတဲ့အတွက် အသက်(၂၅)နှစ်အရွယ်မိန်းကလေးတွေအနေနဲ့ eye-cream ကိုစတင်သုံးစွဲပေးဖို့လိုအပ်လာပါပြီ။ eye-cream လိမ်းတဲ့အခါမှာ အစက်ကလေးတွေချပြီး လက်သူကြွယ်လေးနဲ့ အသာအယာပုတ်ပုတ်ပြီးလိမ်းပေးပါ။အတွင်းကနေအပြင်ကိုဆွဲမလိမ်းရပါဘူး။
ဒါ့အပြင် ဒီအချက်လေးတွေက မျက်ဝန်းကိုအနားရစေပြီး အားပြည့်စေပါတယ်။
ကွန်ပျူတာအကြည့်များတဲ့သူတွေအဖို့ နာရီဝက်တစ်ခါလောက်မျက်စိလေးမှိတ်ပြီးတစ်မိနစ်လောက်အနားပေးပါ။ညဘက်အိပ်ခါနီးမိတ်ကပ်ဖျက်တဲ့အခါမှာ မျက်ဝန်းတ၀ိုက်က မိတ်ကပ်တွေကိုသေချာဖျက်ပြီးမှအိပ်ပါ။အိပ်ရေးဝအောင်အိပ်ပါ။မျက်လုံးအားကောင်းစေမယ့် Omega-3, Vitamins-A, C ဓာတ်ပါတဲ့အစားအစာတွေကိုစားပါ။
မုန်လာဥနီ၊ခရမ်းချဉ်သီး၊သရက်သီး၊တိရစ္ဆာန်အသည်း၊ ငရုတ်သီးပွ၊ ပဲတောင့်ရှည်၊ ကန်စွန်းဥ၊ ဒိန်ခဲ၊ နွားနို့၊ ဥအမျိုးမျိုး၊ ငါး၊ ဟင်းနုနွယ်အရွက်တွေကနေ Vitamins-A ဓာတ်ကိုရပါတယ်။သခွားမွှေးသီး၊ သင်္ဘောသီး၊ ပန်းဂေါ်ဖီ၊ မာလကာသီး၊ ဂေါ်ဖီထုပ်နဲ့ ချဉ်တဲ့အသီးတွေမှာ Vitamin C ပါပါတယ်။Omega-3 ကိုတော့ ငါးစားပေးခြင်းဖြင့်ရနိုင်ပါတယ်။
ညဘက် မျက်လုံးကို အနားပေးရင်းသခွားသီး(သို့)အာလူးကိုတင်ပေးပါ။
မျက်အိတ်တွဲကျတာမျိုးဆိုရင် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားတဲ့ စတီးဇွန်းကို မျက်လုံးပေါ်တင်ပေးပါက မျက်အိတ်တွဲကျတာကိုသက်သာစေပါတယ်။
သောက်ပြီးသားလက်ဖက်ရည်အိတ်ကို ရေခဲသေတ္တာထဲထည့်ပြီး မျက်လုံးပေါ်တင်ပေးမယ်ဆိုရင်လည်း မျက်လုံးအတွက်ကောင်းစေပါတယ်။
#ပျိုမေအားလုံးလှပစေဖို့

No comments:

Post a Comment