Friday, October 21, 2016



အဆီပြန်တဲ့အသားအရေဆိုတာ
=================
မှန်ကြည့်လိုက်တာနဲ အဆီပြန်လွန်းလို့စိတ်ညစ်ရတယ်မလား။အဆီဂလင်းတွေက အဆီထုတ်လုပ်မှုပုံမှန်ထက်ကိုများနေလို့ဖြစ်ရတာပါ။ဘာကြောင့်ဖြစ်ရတာလဲ?ခန္ဓာကိုယ်ရဲ့ဟော်မုန်းlevel ၊မျိုးရိုး၊ အစားအသောက်၊အနေအထိုင်မမှန်တာ၊အသားရေနဲ့မကိုက်ညီတဲ့ cosmetics တွေကိုမှားယွင်းပြီးသုံးစွဲမိတာတာကလည်း အဆီထုတ်လုပ်မှုပိုမိုမြင့်လာအောင် နှုံဆော်ပေးပါတယ်။

အဆီပြန်တဲ့အသားရေက moisture လိမ်းဖို့လိုလို့လား
အဆီပြန်တဲ့အသားရေအတွက် moisture လိုအပ်ပါတယ်။အဆီပြန်လို့ဆိုပြီး moisture မသုံးခဲ့ရင်အသားရေကခြောက်သွေ့သွားတဲ့အတွက် အရေပြားကအဆီဓာတ်ကိုပိုမိုထုတ်လုပ်သွားပါတယ်။oily skin တွေအတွက် moisture ကအသားရေစိုပြေအောင်လုပ်ပေးပြီး အဆီထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။အဆီပြန်တဲ့အသားရေအတွက် ရေဓာတ်ကိုအခြေခံတဲ့moisture ကိုသုံးပေးရပါမယ်။

အဆီပြန်တဲ့အသားရေပိုင်ရှင်တွေ လိုက်နာသင့်တဲ့အချက်များ
(၁) တစ်နေ့ကိုမျက်နှာ(၂) ကြိမ်သစ်ပေးပါ။ညဘက်အိပ်ခါနီး မျက်နှာမသစ်ဘဲလုံးဝမအိပ်လိုက်ပါနဲ့။Scrub လုပ်တာကို တစ်ပတ်မှာ (၂) ကြိမ်ကနေ(၃) ကြိမ်ထိလုပ်ပေးလို့ရပါတယ်။ဒီထက်ပိုပြီးတော့မလုပ်သင့်ပါဘူး။

(၂) Toner သုံးပေးပါ။
တိုနာက မျက်နှာပေါ်ကအညစ်အကြေးအကြွင်းအကျန်တွေ၊ မိတ်ကပ်နဲ့ Clenaser အကြွင်းအကျန်ကိုသန့်စင်မှုပြုလုပ်ပေးနိုင်ပြီးတော့ အရေပြားအပေါ်ယံအလွှာကဆဲလ်အသေကိုဖယ်ရှားပေးတဲ့အပြင် pH level ကို ထိန်းညှိပေးနိုင်ပါတယ်။အဆီပြန်ခြင်းကြောင့်ကျယ်နေတဲ့ ချွေးပေါက်တွေကိုလည်းကျဉ်းပေးနိုင်ပါတယ်။

(၂) Cosmetics တွေကိုဝယ်ယူတဲ့အခါမှာ oil-free or water based products တွေကို ရွေးချယ်ဝယ်ယူပါ။

(၃) Protein ပါတဲ့အစားအသာက်ကိုများများစားပါ။အရွက်တွေနဲ့ အသီးအနှံတွေကိုများများစားပါ။အချိုနဲ့အဆီကို တတ်နိုင်သလောက်လျော့ပါ။အချိုဓာတ်များတဲ့ သံဘူးအချိုရည်တွေအစား သစ်သီးဖျော်ရည်ကိုသောက်ပါ။ချောကလက်တွေ၊ready-made အစားအစာတွေ၊အကြော်တွေကို အဆီဂလင်းကအဆီိပိုထုတ်လုပ်စေတာမို့ မရှောင်နိုင်တောင်လျော့စားပါ။

(၄) စိတ်ဖိစီးမှုများတဲ့အခါ အဆီအိတ်တွေကအဆီဓာတ်ကို ပိုမိုထုတ်လွှတ်ပေးပါတယ်။အဆီဓာတ်များခြင်းကြောင့် ချွေးပေါက်မှာပိတ်ဆို့မှုတွေဖြစ်ပြီး အဖုအပိမ့်တွေဖြစ်ပေါ်လာနိုင်ပါတယ်။

အဆီပြန်တဲ့အသားရေကို ဘယ်လိုထိန်းသိမ်းမလဲ
========================
အချိန်ကုန်လည်းသက်သာ၊ ငွေကုန်ကြေးကျလည်းမများတဲ့ မီးဖိုချောင်ကပစ္စည်းလေးတွေနဲ့ ပေါင်းတင်နည်းကို ဝေမျှပေးလိုက်ပါတယ်။
ထောပတ်သီး+ရှောက်ရည်+ဘဲဥအကာ
အဆီပြန်တဲ့အသားရေအတွက် အကောင်းဆုံးမျက်နှာပေါင်းတင်နည်းကတော့- ထောပတ်သီး၊ရှောက်ရည်နဲ့ ဘဲဥအကာတို့ပေါင်းစပ်ထားတဲ့အရည်ကို မျက်နှာပေါ်မှာ (၁၅)မိနစ်လောက်ထားပါ။ပြီးရင် ရေနွေးနွေးလေးနဲ့ပြန်ဆေးချလိုက်ပါ။ထောပတ်သီး(သို့)ဘဲဥအကာတို့က အဆီပြန်တဲ့အသားရေအတွက် အရမ်းကောင်းတာမို့ သူ့တစ်မျိုးတည်းလည်းပေါင်းတင်လို့ရပါတယ်။

ရှောက်ရည်
ရှောက်ရည်ထမင်းစားဇွန်းတစ်ဇွန်းနဲ့ရေဇွန်းတစ်ဝက်ကိုရောပြီး Cotton pad လေးနဲ့မျက်နှာကိုသုတ်လိမ်းပေးပါ။(၁၅)မိနစ်ကြာရင်ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။Lemon juice က အဆီကိုဖယ်ပစ်လိုက်တာမို့ ရေဓာတ်အခြေခံတဲ့ moisture ထပ်လိမ်းပေးလိုက်ပါ။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးနဲ့ပေါင်းတင်နည်းကိုတော့ Uniq Han Page မှာအသေးစိတ်ရေးပြီးပြီမို့ အဲမှာပဲဖတ်ကြည့်လိုက်ပါနော်

သခွားသီး
သခွားသီးနဲ့ပေါင်းတင်နည်းကတော့ သိပြီးသားမို့အထွေအထူးပြောစရာမလိုတော့ပါဘူးနော်။

ဂျုံမှုန့်နဲ့ရှားစောင်းလက်ပတ်အရော
ဂျုံမှုန့်လက်တစ်ဆုပ်စာနဲ့ ရှားစောင်းလက်ပတ်အသား(သို့)gel ကို ရောပြီးမျက်နှာကိုသုတ်လိမ်းပေးပါ။ (၅)မိနစ်လောက်ကြာရင် ရေဆေးချလိုက်ပါ။တစ်ပတ်ကိုတစ်ကြိမ်လောက်ပြုလုပ်ပေးပါ။

ပန်းသီးနဲ့ပျားရည်အရော
ပန်းသီးတစ်လုံးကိုကြိတ်ချေပြီး ပျားရည်(၃)ဇွန်းနဲ့ရောပြီး မျက်နှာတ၀ိုက်လိမ်းပေးပါ။ (၁၅) မိနစ်လောက်ကြာရင် ရေအေးနဲ့ဆေးချလိုက်ပါ။တစ်ပတ်ကို(၂) ကြိမ်မှ (၃) ကြိမ်ထိပြုလုပ်နိုင်ပါတယ်။
#ပျိုမေအားလုံးလှပေစေဖို့


 

လက်သည်းဝါ၀ါ ညစ်ညစ်တွေချက်ချင်းဖြူသွားစေနည်း
===========================
လက်သည်းဆိုးဆေးအရောင်ရင့်တွေက ဆိုးထားတုန်းခဏတော့ တအားလှနေပေမယ့် ပြန်ဖျက်တဲ့အခါကျရင် စိတ်ညစ်ရပါတယ်။တော်ရုံနဲ့ ဖျက်လို့မပြောင်သလို ပြောင်အောင်ဖျက်ပြီးရင်လည်းဝါညစ်ညစ်ကြီးကျန်နေတတ်ပါတယ်။ဒါပေမယ့်စိတ်မပျက်လိုက်ပါနဲ့။လက်သည်းဝါတွေကို ဖြူဝင်းသွားစေမယ့် နည်းလမ်းရှိပါတယ်။

လိုအပ်တဲ့ပစ္စည်းကတော့ -
သွားတိုက်ဆေးနဲ့လက်သည်းဘရပ်ရှ်(လက်သည်းဘရပ်ရှ်မရှိရင် သွားပွတ်တံကိုလည်းသုံးလို့ရပါတယ်)

အသုံးပြုပုံ -
သွားတိုက်ဆေးပဲစေ့တစ်စေ့စာလောက်ကို လက်သည်းခွံတစ်ခုချင်းဆီပေါ်တင်ပြီး လက်သည်းတစ်ခုလုံးသွားတိုက်ဆေးဖုံးသွားအောင် ဖြန့်ချလိုက်ပါ။မိနစ်အနည်းငယ်ကြာထားပြီးတဲ့နောက် သွားပွတ်တံနဲ့ဖြည်းဖြည်းချင်းတိုက်ချွတ်လိုက်ပါ။ လက်ကိုရေနဲ့ပြောင်စင်အောင်ဆေးလိုက်ပါ။အ၀ါတွေကျန်နေသေးရင် နောက်တစ်ကြိမ်ထပ်လုပ်ကြည့်ပါ။

သွားတိုက်ဆေးမှာပါတဲ့ Peroxide နဲ့ Baking ဆိုဒါမှုန့်တွေဟာ သွားများကိုဖြူဖွေးသန့်စင်စေသလို လက်သည်းတွေကိုလည်း ဖြူဖွေးသန့်စင်စေနိုင်ပါတယ်
#ပျိုမေအားလုံးလှပေစေဖို့
Credit:ဒေါက်တာနုမြတ်သိဂီင်္ဦး



Wednesday, October 12, 2016


 လှပသောလက်လေးများအတွက် 
===================
ကျွန်မတို့မိန်းကလေးတွေအများစုက မျက်နာအသားရေကိုတော့ ဂရုစိုက်တတ်ကြပေမယ့် လက်လေးတွေကိုဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။တကယ်ဆိုရင်..လက်လေးတွေက အပြင်ကအရာဝတ္ထုတွေနဲ့တိုက်ရိုက်ထိတွေ့ရတယ်၊ နေရောင်ခြည်ဒဏ်ကိုအခံရဆုံး၊ Keyboard ခလုတ်လေးတွေ၊ တံခါးဖွင့်တဲ့အခါ၊ ကားမောင်းတာ အစရှိတာတွေကို သူတို့ပဲလုပ်ဆောင်ပေးနေရတာလေ။
စဉ်းစားကြည့်မယ်ဆိုရင် ပိုးမွှားတွေအများဆုံးကူးနိုင်တဲ့နေရာဖြစ်ပြီးတော့ ကျွန်မတို့တွေသူ့အတွက် နည်းနည်းလေးရုစိုက်ပေးဖို့တောင် မေ့လျော့နေတယ် မဟုတ်လား…

တချို့ပြောလေ့ရှိတဲ့စကားတစ်ခွန်းက လူတစ်ယောက်ရဲ့လက်လေးတွေကိုကြည့်လိုက်ရုံနဲ့အသက်ကိုခန့်မှန်းနိုင်ပါတယ်တဲ့။ ဟုတ်ပါတယ်။အသားရေစတင်ပျက်စီးလာပြီဆိုရင် အရင်ဆုံးပြတဲ့နေရာက လက်လေးတွေနဲ့လည်ပင်းပါ။မျက်နှာကလှနေပေမယ့် လည်ပင်းနဲ့လက်မှာ အရေးကြောင်းတွေနဲ့ဆို တော်တော်လေးကြည့်ရဆိုးပါတယ်

မျက်နှာအသားရေကိုလိမ်းသလိုပဲ လည်ပင်းနဲ့လက်လေးကိုလည်း လိုအပ်တဲ့အာဟာရဓာတ်ဖြည့်ပေးဖို့လိုအပ်ပါတယ်။လက်လေးတွေကို အပြင်ကပြန်လာတဲ့အခါတိုင်း ပိုးမွှားတွေကပ်မနေအောင် အရမ်းမပြင်းတဲ့ဆပ်ပြာ(သို့) Moisturzing Hand Soap နဲ့ဆေးပေးမယ်။ ပြီးရင်ခြောက်သွေ့အောင်ထားမယ်။ဘေစင်မှာ Hand cream တစ်ဘူးထားပြီး လက်ဆေးပြီးတိုင်း သုံးပေးမယ်၊ ရုံးမှာဆိုရင်လည်း အလုပ်စားပွဲမှာ၊ ကားပေါ်မှာတင်ထားပြီး သတိရတဲ့အခါတိုင်းလိမ်းပေးမယ်ဆိုရင် အသားရေအိုမင်းမှုကိုအထိုက်အလျောက် ကာကွယ်ပြီးသားဖြစ်မှာပါ။အမျိုးအစားကောင်းတဲ့ Hand Cream ကိုရွေးသုံးပေးဖို့တော့လိုတာပေါ့နော်။

အသားရေစိုပြေအောင်တစ်နေ့ကိုအနည်းဆုံးရေ (၂)လီတာလောက်သောက်ပေးမယ်၊ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ၊ပန်ကန်းတွေအများကြီးဆေးဖို့ရှိတဲ့အခါမျိုးမှာဆိုရင် လက်အိတ်လေးစွပ်ပြီးလုပ်ပေးမယ်ဆိုရင် အသားရေထိခိုက်မှု့နည်းသွားတာပေါ့…

ပျိုမေတို့အလှအပနဲ့ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာရှိရင် Comment လေးပေးခဲ့ကြပါလားဟင်။အလျဉ်းသင့်သလို ရေးပြီးတင်ပေးပါမယ်
#ပျိုမေအားလုံးလှပေစေဖို့
Someday perfume by Justin Bieber
~~~~~~~~~~~~~~~~~~~~~
 Perfume လန်းလန်းလေးကြိုက်သူများအတွက်----
Bieber Fans များအကြိုက်နော်  ---
 Price - 25,000 kyat.

 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...

Tuesday, October 11, 2016


SK-II Facial Lift Emulsion
~~~~~~~~~~~~~~~~
အရွယ်တင်နုပျိုစေဖို့ အသားအရည်တင်းရင်းမှုကလည်းအရေးပါသလို
မျက်နှာ မှာ အဖု အပိမ့် ကင်းပြီး ချောမွတ်လှပဖို့ကလည်း အရေးပါပါတယ်။
အဲ့လို အရေးပါတဲ့ ၂ မျိုးလုံးအတွက် ထိရောက်ကောင်းမွန်တဲ့ SKII - Facial
Lift Emulsion ကို သုံးစွဲဖို့တိုက်တွန်းပါရစေ။
အသားအရည်တင်းရင်းပြီး အရွယ်ကြီးရင့်မှုကိုဟန့်တားပေးတဲ့အပြင် ဝက်ခြံ
ဆားဝက်ခြံ နဲ့ အနီဖုတွေ အဖုအပိမ့် တွေကိုပျောက်ကင်းသက်သာစေပါတယ်။

SKII - Facial Lift Emulsion (In stock)
 Price - 145,000 kyat.

 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...

မျက်ဝန်းတ၀ိုက်အရေးကြောင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
==================================
မျက်လုံးတ၀ိုက်အရေးပြားဟာ အရမ်းကိုပါးလွှာခြင်း၊ အစိုဓာတ်ထိန်းသိမ်းမှုအားနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် အရေးကြောင်းစတင်ဖြစ်ပွားပြီး အိုမင်းမှုကိုအရင်ဆုံးပြသပေးတဲ့နေရာလည်းဖြစ်ပါတယ်။ အသက်(၂၀)ကျော်ကစပြီး မျက်ဝန်းတ၀ိုက်နဲ့ နှုတ်ခမ်းတ၀ိုက်မှာ Collagen ထုတ်လုပ်မှုကျဆင်းလာလို့ အရေးကြောင်းတွေစတင်ပေါ်ပေါက်လာပါတယ်။
ရေဓာတ်လည်းသိသာစွာ လျော့နည်းလာတဲ့အတွက် အသက်(၂၅)နှစ်အရွယ်မိန်းကလေးတွေအနေနဲ့ eye-cream ကိုစတင်သုံးစွဲပေးဖို့လိုအပ်လာပါပြီ။ eye-cream လိမ်းတဲ့အခါမှာ အစက်ကလေးတွေချပြီး လက်သူကြွယ်လေးနဲ့ အသာအယာပုတ်ပုတ်ပြီးလိမ်းပေးပါ။အတွင်းကနေအပြင်ကိုဆွဲမလိမ်းရပါဘူး။
ဒါ့အပြင် ဒီအချက်လေးတွေက မျက်ဝန်းကိုအနားရစေပြီး အားပြည့်စေပါတယ်။
ကွန်ပျူတာအကြည့်များတဲ့သူတွေအဖို့ နာရီဝက်တစ်ခါလောက်မျက်စိလေးမှိတ်ပြီးတစ်မိနစ်လောက်အနားပေးပါ။ညဘက်အိပ်ခါနီးမိတ်ကပ်ဖျက်တဲ့အခါမှာ မျက်ဝန်းတ၀ိုက်က မိတ်ကပ်တွေကိုသေချာဖျက်ပြီးမှအိပ်ပါ။အိပ်ရေးဝအောင်အိပ်ပါ။မျက်လုံးအားကောင်းစေမယ့် Omega-3, Vitamins-A, C ဓာတ်ပါတဲ့အစားအစာတွေကိုစားပါ။
မုန်လာဥနီ၊ခရမ်းချဉ်သီး၊သရက်သီး၊တိရစ္ဆာန်အသည်း၊ ငရုတ်သီးပွ၊ ပဲတောင့်ရှည်၊ ကန်စွန်းဥ၊ ဒိန်ခဲ၊ နွားနို့၊ ဥအမျိုးမျိုး၊ ငါး၊ ဟင်းနုနွယ်အရွက်တွေကနေ Vitamins-A ဓာတ်ကိုရပါတယ်။သခွားမွှေးသီး၊ သင်္ဘောသီး၊ ပန်းဂေါ်ဖီ၊ မာလကာသီး၊ ဂေါ်ဖီထုပ်နဲ့ ချဉ်တဲ့အသီးတွေမှာ Vitamin C ပါပါတယ်။Omega-3 ကိုတော့ ငါးစားပေးခြင်းဖြင့်ရနိုင်ပါတယ်။
ညဘက် မျက်လုံးကို အနားပေးရင်းသခွားသီး(သို့)အာလူးကိုတင်ပေးပါ။
မျက်အိတ်တွဲကျတာမျိုးဆိုရင် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားတဲ့ စတီးဇွန်းကို မျက်လုံးပေါ်တင်ပေးပါက မျက်အိတ်တွဲကျတာကိုသက်သာစေပါတယ်။
သောက်ပြီးသားလက်ဖက်ရည်အိတ်ကို ရေခဲသေတ္တာထဲထည့်ပြီး မျက်လုံးပေါ်တင်ပေးမယ်ဆိုရင်လည်း မျက်လုံးအတွက်ကောင်းစေပါတယ်။
#ပျိုမေအားလုံးလှပစေဖို့
SK-II Facial Treatment Cream Foundation
~~~~~~~~~~~~~~~~~~~~~~~~~~
SK-II Facial Treatment Cream Foundation က နေပူထဲထွက်တဲ့အခါ ထီးတို့ ဦးထုပ်တို့ စတဲ့အကာအကွယ်တွေပါပေမဲ့လည်း အနည်းနဲ့အများ အသားအရေကိုထိခိုက်စေတယ်လေ။ အသားအရေ နုနယ်တဲ့ မျက်နှာတစ်ဝိုက်ဆိုရင်တော့ နေရောင်ဒဏ်ကြောင့် ချက်ချင်းသိသာစေတဲ့ နေလောင်ပြီး မျက်နှာအသားအရေ ညိုသွားခြင်းတွေအပြင်
တဖြည်းဖြည်းနဲ့အချိန်ကြာမှ သိသာစေတဲ့ တင်းတိပ်တွေလည်းဖြစ်တတ်ပါတယ်။
Skin Care ကောင်းကောင်းသုံးပြီး SPF များများပါဝင်တဲ့ Make Up တွေကိုလည်း သုံးစွဲသင့်ပါတယ်။
SPF 20/ PA ++ ပါဝင်တဲ့ SK-II Facial Treatment Cream Foundation က နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့အပြင် အသားအရေကို တစ်နေ့လုံး ကြည်လင်တောက်ပနေစေပါတယ်။ မိတ်ကပ် နဲ့ နေရောင်နဲ့ထိမိပြီး အသားအရေ ပျက်စီး စေတာမျိုး ကို ပူစရာမလိုတော့အောင် အသား အရေကိုလည်း ထိန်သိမ်းပေးတဲ့ အောက်ခံ မိတ်ကပ် လေးပါနော်။ မိမိတို့ အသားအရောင် နဲ့ လိုက်ဖက်ညီတဲ့ မိတ်ကပ် Color ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။
SK-II Facial Treatment Cream Foundation (In stock)
 Price - 115,000 kyat.

 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...

Monday, October 10, 2016

SK-II Clear Beauty Powder Foundation
~~~~~~~~~~~~~~~~~~~~~~~
အမဲစက်တွေ မှဲ့ခြောက်တွေက မျက်နှာအလှကို အနည်းနဲ့ အများဖျက်စီးတယ်နော်။ အရင်က အသားအရေကို ဂရုတစိုက်မလုပ်ခဲ့တာတွေနဲ့ မြန်မာနိုင်ငံရဲ့ရာသီဥတုပူပြင်းမှုတွေက လည်း အမဲစက်တွေကိုဖြစ်စေတာပေါ့။
အမဲစက်တွေကြောင့် အလှပျက်မှာစိုးရိမ်နေရင်တော့ SKII က
SK-II Clear Beauty Powder Foundation ကိုသာသုံးလိုက်ပါ။ Clear Beauty Powder Foundation လေးမှာဆိုရင်ရွှေပုလဲမှုန့်လေးတွေပါဝင်တဲ့အတွက်မျက်နှာအသားအ ရေလေးကိုနူးညံ့ချောမွတ်ကာကြည်လင်တောက်ပစေပါတယ်။မျက်နှာပေါ်ရှိအမဲစက်၊တင်းတိတ်၊မှဲ့ခြောက်နှင့်အရေး
အကြောင်းတွေကိုသက်သာပျောက်ကင်းစေပါတယ်။
SK-II Clear Beauty Powder Foundation ကို Cellumination Series နဲ့ တွဲသုံးမယ်ဆိုရင်တော့ မျက်နှာအလှကို ဖျက်နေတဲ့ အမဲစက်နဲ့ တင်းတိတ်တွေကို Clear ဖြစ်စေနိုင်ပြီး အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။ မိတ်ကပ်သားထူပြီးတစ်နေကုန်ခံကာမျက်နှာပေါ်မှာသိပ်သိပ်သည်းသည်းလေးနဲ့လှပချောမွတ်စေပါ
တယ် SPF25 ဆပါဝင်တဲ့အတွက်နေရောင်ခြည်ဒဏ်ကိုလည်းခံနိုင်ပါတယ်
ပြီးပြည့်စုံတဲ့ ကြည်လင်ဝင်းပမှုကိုရရှိဖို့အတွက်ကတော့ SK-II Clear Beauty Powder Foundation ကို သုံးဖို့ တိုက်တွန်းပါရစေနော်။

SK-II Clear Beauty Powder Foundation
(In stock)
 Price - 130,000 kyat.

 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...
SK-II Facial Treatment Gentle Cleanser
~~~~~~~~~~~~~~~~~~~~~~~
SK II ရဲ့  Facial Treatment Gentle Cleanser သည် အခြားသော
မျက်နှာသစ်များနဲ့  မတူဘဲ တန်ဖိုးကြီးတဲ့ Pitera Essence ကို
ပါဝင်ဖော်စပ်ထားပြီး မျက်နှာကို ညင်သာစွာ သန့် စင်ပေးတာနဲ့  တပြိုင်နက်
Pitera essence က မျက်နှာအသားချောစေဖို့ ပြုပြင်ပေးပါတယ်။ မျက်နှာပေါ်မှာ
အစိုဓာတ် moistureကို မျက်နှာသစ်ပြီး မိနစ် 30 လောက်ထိ ကျန်ရှိနေစေလို
့ မျက်နှာအသား မပျက်စီးစေပါ။ မျက်နှာသစ်ပြီး တင်းတင်းကြီးဖြစ်တာမျိုး၊
ကြမ်းသွားတာမျိုး၊ ကွဲအက်ခြောက်သွေ့ တာမျိုး မဖြစ်စေပါ။

SK-II Facial Treatment Gentle Cleanser(120g & 20g)
120g - ks 95,000/-
20g (Sample) - ks 15,000/-
 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...


 LADY GAGA Black fluid perfume
~~~~~~~~~~~~~~~~~~~~~
Brand>Lady Gaga
Model>Black fluid
Type>Original Reject (Unbox)
For>Women
Volume>
50ml
အနံ့ အီ အီလေး ကြိုက်တဲ့သူမျိုးဆို ပို အဆင်ပြေပါတယ်...
 Price - 28,000 kyat.

 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...

Sunday, October 2, 2016



Coreana Premium Moisture Solution Toner
~~~~~~~~~~~~~~~~~~~~~~~~~~
 Coreana ချစ်သူများအတွက် Moisture Solution Toner လေးက ကျယ်နေသော ချွေးပေါက်များကို ထိရောက်စွာ ပြန်လည်ကျဉ်းပေးနိုင်ပြီး အသားအရေ အတွက်လိုအပ်သည့် ရေဓါတ်ကို ဖြည့်စည်းပေးနိုင်ပါသည်။
 Price - 50,000 kyat.

 Coreana Premium Moisture Solution Emulsion
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Coreana ချစ်သူများအတွက် Moisture Solution Emulsion ကလျှင်မြန်စွာ စိမ့်ဝင်နိုင်သည့် စေးကပ်ခြင်း မရှိသော နို့ရည်အမျိုးအစားဖြစ်ပြီး  အစိုဓါတ်ကို ထိန်းသိမ်းထားနိုင်သောကြောင့် အသားအရေကို စိုပြေနူးညံ့လာစေပါသည်။
 Price - 50,000 kyat.

 📥📥မှာယူလိုပါက
အမည်-
ဖုန်း-
နေရပ်လိပ်စာ-
တို့ကိုရေးပေးပီ  09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်
နယ်မှ မှာယူအားပေးသော Customer များကို ကားဂိတ်ထိ ပို့ဆောင်ပေးနေပါတယ်ရှင့် ...



နှုတ်ခမ်းပုံစံကိုကြည့်ပြီး သူ့ရဲ့စိတ်သဘောထားကိုခန့်မှန်းကြည့်ကြမယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူတစ်ယောက်ရဲ့နှုတ်ခမ်းပုံစံကို ကြည့်ပြီးသူရဲ့အတွင်းစိတ်ကို အကြမ်းဖျဉ်းခန့်မှန်းကြည့်ကြရအောင်...
ကဲ..နှုတ်ခမ်းရာလေးအရင်ယူရအောင်…မှန်ရှေ့သွား၊နှုတ်ခမ်းနီလေးဆိုးပြီး တစ်ရှုးလေးနဲ့ကိုက်လိုက်ပေါ့

သင့်ရဲ့ အပေါ်နှုတ်ခမ်းရာက ထူထူလေးဖြစ်နေမယ်ဆိုရင် သင်ဟာ a good listener တစ်ယောက်ဖြစ်ပြီးတော့ ရက်ရောတတ်တယ်။အောက်နှုတ်ခမ်းထူတဲ့သူအများစုက ခံစားချက်ကိုမထိန်းနိုင်ဘဲ မျက်နှာကြည့်လိုက်တာနဲ့ ရင်ထဲမှာဘာဖြစ်နေသလဲဆိုတာ တန်းသိလိုက်တယ်ဆိုတဲ့သူမျိုးပေါ့။

အပေါ်နှုတ်ခမ်းပါးတဲ့သူအများစုက ဇီဇာကြောင်တတ်ကြပြီး ဂျီးများတတ်တဲ့သူတွေပေါ့။အောက်နှုတ်ခမ်းပါးတဲ့သူအများစုက ကိန်းဂဏန်းတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ ထူးချွန်တတ်ကြပြီးတော့ ငွေရေးကြေးရေး ကိစ္စတွေမှာ စနစ်ကျတဲ့သူတွေပါ။

Triangle Lip 

--------------
သင့်ရဲ့နှုတ်ခမ်းပုံစံက ပုံမှာပြထားတဲ့အတိုင်း သုံးထောင့်ပုံသဏ္ဍန် နှုတ်ခမ်းပိုင်ရှင်ဖြစ်မယ်ဆိုရင် သင်က အခြားသူတွေကိုအောင်မြင်အောင်ပျိုးထောင်ပေးနိုင်စွမ်းရှိတယ်၊ကူညီပေးတတ်တယ်၊အားပေးတတ်တယ်။အခြားသူတွေက သူတို့ရဲ့လျှို့ဝှက်ချက်ကို လာရင်ဖွင့်တတ်ပြီးတော့ ဂရုတစိုက်နားထောင်ပေးတတ်တဲ့သူမျိုးပေါ့။သူငယ်ချင်းတွေ၊မိတ်ဆွေတွေရဲ့ယုံကြည်အားကိုးမှုကိုခံရတဲ့သူပါ။တစ်ခါတစ်လေမှာ ခေါင်းမာတတ်ကြပြီး ဆုံးဖြတ်ချက်တစ်ခါချပြီးရင် ပြင်ဖို့ခဲယဉ်းတဲ့သူမျိးပါ။တော်တန်ရုံဒေါသထွက်လေ့မရှိပေမယ့် ထွက်လာပြီဆိုရင်လည်း ကြောက်စရာကောင်းလောက်အောင် ပြင်းထန်ပါတယ်။ စိတ်ရင်းကောင်းပေမယ့် စကားကိုဘုဘောက်ပြောတတ်တဲ့ သူတွေမို့ မသိတဲ့သူတွေဆိုရင် အပေါက်ဆိုးတဲ့သူတွေလို့ ထင်သွားနိုင်ပါတယ်။အစားအသာက်ဆိုရင် သိပ်သဘောကြတဲ့သူတွေပေါ့။

Diamond Lip

---------------
Diamond Lip ပိုင်ရှင်တွေက သူ့ပတ်ဝန်းကျင်ကသူတွေကို အောင်မြင်အောင် ခွန်အားပေးသလို ကိုယ်တိုင်လည်း အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တယ်။ အလုပ်ခွင်မှာပဲဖြစ်ဖြစ် ၊အိမ်မှာပဲဖြစ်ဖြစ် အောင်မြင်အောင်လုပ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုတော့ အထင်ကြီးတယ်၊မာနကြီးတတ်ကြတယ်။ငါလုပ်ရင်ဖြစ်တယ်ဆိုတဲ့စိတ်မျိုးရှိတယ်။ အသစ်အဆန်းတွေကို သင်ယူချင်စိတ်ရှိတယ်။ စိန်ခေါ်မှုတွေကို လိုလားတယ်။ သူတို့အပေါ်မှာ သူများကလာမှီခိုတတ်ကြပေမယ့် သူတို့ကိုယ်တိုင်တော့ မှီိခိုစရာပခုံးမရှိတတ်ကြဘူး။ သူများကို မှီခိုလို့မရတဲ့အတွက် ခံစားချက်တွေကို စာရေးပြီးထွက်ပေါကရှာတတ်တယ်။နှစ်ပတ်၊သုံးပတ်လောက်ကြာလို့ ပြန်ကြည့်မိရင်လည်း ဘာတွေရေးထားမှန်းမသိ ငါဒီလိုဖြစ်ခဲ့ပါလားဆိုပြီး ကိုယ့်ဘာသာတောင်အံ့သြနေပြန်ရော။

လေးကိုင်းပုံသဏ္ဍန်နှုတ်ခမ်း

-----------------------------
လေးကိုင်းပုံသဏ္ဍန်ရှိတဲ့ နှုတ်ခမ်းပိုင်ရှင်တွေက သူတစ်ပါးကိုပျော်ရွှင်စေတဲ့သူတွေပေါ့။စကားပြောကောင်းပြီး ဟာသဥာဏ်ရွှင်တဲ့သူတွေဖြစ်တယ်။လူအများကြားမှာ စကားပြောနိုင်တဲ့စွမ်းရည်ရှိတယ်။လူတိုင်းနဲ့အဆင်ပြေအောင်နေတတ်တယ်။အလုပ်ခွင်မှာဆိုရင်လည်း အောက်ဆုံးကအစ အထက်လူကြီးအဆုံး အချစ်ခံရတဲ့သူတွေပါ။ ဒီနှုတ်ခမ်းပိုင်ရှင်အများဆုံးက နိုင်ငံရေးသမားတွေ၊ဟောပြောတဲ့သူတွေ ဖြစ်တတ်ကြတယ်။

Rectangle Lip 

-----------------
လေးထောင့်ပုံသဏ္ဍန်ရှိတဲ့နှုတ်ခမ်းပိုင်ရှင်တွေက သူငယ်ချင်းတွေကြားမှာ ဦးဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး လူမှုအသိုင်းအ၀ိုင်းကိုလည်း အထောက်အကူပြုနိုင်တဲ့သူတစ်ဦးဖြစ်တယ်။
ကဲ..တို့တွေ့ရဲ့
�#�ပျိုမေအားလုံးလှပေစေဖို့�
Victoria's Secret Lotion and Body Cream
~~~~~~~~~~~~~~~~~~~~~~~~~~
တစ်နေကုန် မွှေးကြိုင် လန်းဆန်းပြီး စွဲဆောင်မှု
အပြည့်ရရှိစေမယ့် Victoria's Secret Lotion and Body Cream
 (Made in U.S.A )

Price - 16,000 kyat/ each

 မှာယူလိုပါ
အမည်
ဖုန်း
နေရပ်လိပ်စာတို့ကိုရေးပေးပီ 09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်

နယ်မှ မှာယူသော Customer များကို ကားဂိတ်အရောက်ပို့ဝန်ဆောင်မှုပေးပါတယ်ရှင့် ..


'' Arty '' Professional Cheek Colour Set  
~~~~~~~~~~~~~~~~~~~~~~~~
Arty Professional မှ အသစ်ထပ်မံထုတ်လုပ်ပေးထားသောCheek Colour
သဘာဝကျသော အရောင် များဖြင့် အခြေခံ ဖန်တီးပေးထားပြီး ကြာရှည်ခံခြင်း အသားသိပ်ခြင်း နူးညံ့ခြင်း နဲနဲလေးသုံးရုံဖြင့်Color အမှန် အတိုင်းထွက်ပေါ်ခြင်း
ပေးထားတဲ့ ဈေးနဲ့တန်အောင် ပြန်ရတဲ့ အရည်အသွေးအပေါ် စိတ်ကျေနပ်မှု့ အပြည့်အဝ ရစေမယ့်
Arty Professional
Cheek Colour

 Price -4 ,000 kyat/ 1 Set.

 မှာယူလိုပါ
အမည်
ဖုန်း
နေရပ်လိပ်စာတို့ကိုရေးပေးပီ 09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်

နယ်မှ မှာယူသော Customer များကို ကားဂိတ်အရောက်ပို့ဝန်ဆောင်မှုပေးပါတယ်ရှင့် ..

Saturday, October 1, 2016

 ဗောက်တွေ သက်သာအောင်ဘယ်လိုလုပ်လဲ
========================
ခေါင်းပေါ်က စိတ်ရှုပ်စရာဗောက်တွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ
ဘာကြောင့်ဖြစ်ပွားရတာလဲ
ဦးရေပြားမကျန်းမာတာ၊ မှိုပိုးတွေပေါက်ဖွားမှုများတာ၊ ဦးရေပြားအဆီပြန်လွန်းတာ၊ ခေါင်းအရမ်းချွေးထွက်တဲ့သူတွေ၊ ရာသီဥတုကြောင့်နဲ့ ဦးရေပြားခြောက်သွေ့လွန်းတာတွေကြောင့်လည်း ဗောက်ဖြစ်စေပါတယ်။တစ်ခါတစ်လေ စိတ်ဖိစီးမှုအရမ်းများတာကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။
ယောက်ျားလေးမှာကော၊မိန်းကလေးမှာရော ဖြစ်ပွားတတ်ပြီး မိန်းကလေးမှာဆိုရင်တော့ တော်တော်ကိုကြည့်ရဆိုးစေပါတယ်။ သူ့ကိုအမြစ်ပြတ် ပျောက်ကင်းစေဖို့ကမလွယ်ကူပေမယ့် သက်သာအောင်တော့လုပ်လို့ရပါတယ်။
သက်သာအောင်ဘယ်လိုလုပ်မလဲ
(၁) ခေါင်းလျှော်တဲ့အခါမှာ anti-dandrufff shampoo တွေသုံးမယ်၊ ရေဆေးချတဲ့အခါမှာ အလျင်စလိုရေလောင်းမချဘဲနဲ့ ခေါင်းမှာshampoo တွေတင်မကျန်ခဲ့အောင် ပြောင်အောင်ဆေးပေးရပါမယ်။
အကယ်၍ အလျင်စလိုလျှော်လိုက်မိလို့ shampoo တွေတင်ကျန်ခဲ့မယ်ဆိုရင် ဗောက်မရှိတဲ့သူတောင် ဗောက်ဖြစ်စေပါတယ်။ ဗောက်ရှိတဲ့သူအဖို့ရေဆေးတဲ့အခါမှာ ဆံသားကိုလက်ချောင်းလေးတွေနဲ့ဆွဲချပြီဆေးတာထက်စာရင် ဦးရေပြားကိုလက်လေးနဲ့ကုပ်ပြီးဆေးတာက ဗောက်လည်းသက်သာစေပြီး ပိုစင်စေပါတယ်။
(၂) Anti-dandruff Shampoo က ဦးရေပြားအတွက်သီးသန့်ထုတ်ထားတာမို့ ဗောက်တွေကိုသက်သာစေပေမယ့် ဆံသားကိုတော့ ကြမ်းစေပါတယ်။ဒါ့ကြောင့် anti-dandruff shampoo သုံးပြီးတိုင်း ဆံသားတွေပျော့ပျောင်းအောင် Conditioner သုံးပေးဖို့လိုအပ်ပါတယ်။ဗောက်အရမ်းများတဲ့သူအတွက်ဆို Conditioner သုံးတဲ့အခါမှာ ဦးရေပြားကိုမထိဘဲနဲ့ဆံသားအဖျားလေးတွေကိုပဲထည့်ပေးပါ။
လွယ်လွယ်ကူကူနည်းလေးတွေနဲ့ကုသမယ်
(၃) ဗောက်အတွက်ဆို Vinegar(ရှာလကာရည်)က ဦးရေပြားပေါ်ရှိဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ယားယံတာကိုလည်းသက်သာစေပါတယ်။ရှာလကာရည်ကို ရေနဲ့ဆတူရောပေးပြီး ဦးရေပြားအနှံ့လိမ်းကျံပေးပြီး မိနစ်အနည်းငယ်ကြာရင် ရေဆေးချပြီး ပုံမှန်အတိုင်းခေါင်းလျှော်ပေးပါ။ခေါင်းလျှော်တဲ့အခါတိုင်း ဆက်တိုက်ဒီလိုမျိုးလုပ်ပေးမယ်ဆိုရင် တော်တော်ကိုသက်သာလာတာတွေ့ရပါတယ်။Vinegar က ပုံမှန် vinegar ထက် Apple Cider Vinegar ကပိုကောင်းပြီး city mart တွေမှာရှာဝယ်လို့ရပါတယ်။
(၄) နောက်တစ်နည်းက Listerine (ခံတွင်းသန့်စင်ဆေးရည်) နဲ့ ရေနဲ့အရောကို ခေါင်းလျှော်ပြီးတဲ့အခါတိုင်း သုံးပေးပါ။ဦးရေပြားကို နှံ့စပ်အောင်နှိပ်ပြီးမိနစ်၂၀ လောက်ကြာရင် ရေဆေးချလိုက်ပါ။
(၅) ဗောက်ရှိတဲ့ဦးရေပြားကို သံပုရာသီးနဲ့ပွတ်တာကလည်း သက်သာစေပါတယ်။
�#�ပျိုမေအားလုံးလှပေစေဖို့�
အလှအပအတွက် သွားတိုက်ဆေးရဲ့အသုံးဝင်ပုံ
============================
သွားတိုက်ဆေးထဲရှိ ပါဝင်တွေပစ္စည်းတွေက အသားအရေကိုသိပ်သည်းကျစ်လစ်စေပြီး၊
ရောင်ရမ်းမှုတွေကိုပါ သက်သာစေလို့  အောက်ပါအတိုင်းသုံးပေးနိုင်ပါတယ်။
(၁) နီရဲရောင်ကိုင်းနေတဲ့ ၀က်ခြံဖုပေါ်ကို အိပ်ယာဝင်ခါနီးမှာ
သွားတိုက်ဆေးလေးအသာတို့ ပြီး အိပ်လိုက်ပါ။ တညလုံး အိပ် စက်ပြီးနောက်
နံက်အိပ်ယာထ ရေအေးဖြင့်မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာပေါ်က၀က်ခြံဖု
သိသိသာသာသေးကျုံ့ သွားတာကို ဒိဌမြင်တွေ့ ရပါလိမ့်မယ်။
(၂) လက်သည်းခွံတွေကလည်း သွားတွေလိုပါဘဲ ကြွေသားအလွှာနဲ့ ဖုံးအုပ်ဖွဲ
့စည်းထားတာကြောင့်၊ လက်သည်းခွံတွေ အရောင် တောက်ပလာစေဖို
့သွားတိုက်ဆေးကိုသုံးနိုင်ပါတယ်။ လက်သည်းခွံအရောင်လှပလိုသူများ၊
လက်သည်းခွံမာလိုသူများနဲ့  လက်သည်းချေးညှော်ကင်းစင်လိုသူများ
သွားတိုက်ဆေးလေးနဲ့ အယာအယာပွတ်တိုက်ပေးလိုက်ပါ။
(၃) အထူးသဖြင့် ဂျယ်လီသွားတိုက်ဆေး(gel toothpaste)တွေမှာ ထည့်သုံးထားတဲ့
ဂျယ်လီအမျိုးအစားဟာ ဆံပင်ဂျယ်ထဲမှာ သုံးလေ့ရှိတဲ့ပစ္စည်းတွေနဲ့ အတူတူပါဘဲ။
ဒါကြောင့် ဆံပင်ဂျယ်ကုန်နေတဲ့အခါ၊ အစားထိုးအနေနဲ
့ဂျယ်လီသွားတိုက်ဆေးအနည်း ငယ်ဖြင့် အရေးပေါ်သုံးပေးနိုင်ပါတယ်။
(ဆေးမြီးတို အတွက်)
သွားတိုက်ဆေးက ဆေးမြီးတိုအနေနဲ့ အသုံးဝင်တာမို့ ၊
အရေးပေါ်ဆေးသေတ္တာဗူးထဲမှာ သွားတိုက်ဆေးလေး တစ်ဗူးလောက်
ဆောင်ထားပေးလိုက်ပါ။
(၄) အရေပြားကွဲရှနာအမျိုးမျိုး၊
ပုရွက်ဆိတ်-ခြင်ကိုက်ခံရခြင်း/ပျားတုပ်ခံရခြင်းတို့ ကြောင့်
အရေပြားများယားယံရောင်ရမ်းခြင်း တို့ အတွက်
သွားတိုက်ဆေးအုံထားနိုင်ပါတယ်။ သွားတိုက်ဆေးခြောက်သွားတာနဲ့ တပြိုင်နက်၊
ထိခိုက်ဒဏ်ရာတွေလဲ ယူပစ် သလိုသက်သာလာစေပါတယ်။
(၅) မတော်တဆ မီးပူကပ်မိခြင်း၊ ဟင်းအိုးအပူလောင်ခြင်း..စသည့်
ကြီးကြီးမားမားဟုတ်သော အပူလောင်ခြင်းတို့ အတွက် သွား
တိုက်ဆေးပွတ်လိမ်းထားခြင်းဖြင့် အပူချက်ချင်းငြိမ်းသွားသလို၊
နာကျင်မှုလည်း မဖြစ်စေတော့ပါဘူး။ အပူလောင်အရည်ကြည်ဖု ထွက်လာတဲ့အခါ
သွားတိုက်ဆေးလိမ်းပေးခြင်းဖြင့် အနာမဖြစ်လာတော့ဘဲ
မန်းရည်တွေတစိမ့်စိမ်ထွက်ပြီး ချပ်ရပ်သွားစေနိုင် ပါတယ်။
(၆) အရှိန်ပြင်းပြင်းကြောင့်ထိခိုက်မိ၍ သွေးစုခဲသွားတာကြောင့်
အရေပြားညိုမည်းသွားခြင်းအတွက် သွားတိုက်ဆေးသုံး၍ အရေ ပြားပေါ်
စက်ဝိုင်းပုံသဏ္ဍာန် အသားအယာပွတ်ချေလိမ်းပေးခြင်းဖြင့်
သွေးခဲများကိုချေပေးနိုင်ပါတယ်။
(ဖက်ရှင် အတွက်)
လက်ဝတ်ရတနာများ၊ အ၀တ်အစားများနဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ
သစ်လွင်တောက်ပလာစေဖို့ အတွက် သွားတိုက် ဆေးက မရှိမဖြစ်ပါဘဲ။
(၇) ငွေထည်ပစ္စည်းများ ၀င်းလက်တောက်ပြောင်စေရန်၊
သွားတိုက်ဆေးဖြင့်ပွတ်တိုက်၍ တညသိပ်ပြီး၊ နောက်နေ့ မှာ အ၀တ်ပါး
ဖြင့်ပွတ်ပေးလိုက်ပါ။ စိန်ရတာတွေ အရောင်ဖြာထွက်လာစေဖို
့သွားတိုက်ဆေးဖြင့် အသာအယာပွတ်ပေးပြီးနောက် ရေဆေးပေး လိုက်ပါ။
(ပုလဲရတနာကိုတော့ သွားတိုက်ဆေး လုံးဝ မသုံးမိပါစေနဲ့ )
(၈) ရှုးဖိနပ်အစင်းကြောင်းပျောက်ပြီး၊ အရောင်ပြန်လည်သစ်လွင်လာစေဖို့ 
ဖိနပ်တိုက်တဲ့ ဘရက်ရှ်ပေါ် သွားတိုက်ဆေးတင်၍ ပွတ်တိုက်ပေးနိုင်ပါတယ်။
(၉) သွားတိုက်ဆေးထဲမှာပါတဲ့ ချွတ်ဆေး(bleaching)တွေက
သွားများကိုဖြူစင်စေသလို၊ အ၀တ်ထည် အစွန်းအထင်းများအ တွက်လည်း
အင်မတန်မှအသုံးဝင်လှပါတယ်။ စွန်းထင်းသွားသောအ၀တ်ကို သွားတိုက်ဆေးသုံး၍
အစွန်းများပျောက်သွားသည် အထိ ပွတ်ပေးပြီးနောက်၊
ပုံမှန်အတိုင်းပြန်လည်လျှော်ဖွတ်ပေးရုံပါဘဲ။
(လူသုံးကုန်းပစ္စည်း အတွက်)
ငွေကုန်ကြေးကျသက်သာအောင် သွားတိုက်ဆေးသုံး၍ အိမ်တွင်းပစ္စည်းများကို သန်
့စင်ပေးနိုင်ပါတယ်။
(၁၀) ဆော်ဒါကိုထဲ့သွင်းဖော်စပ်ထားတဲ့ သွားတိုက်ဆေးတွေကလည်း
ကွန်ပြူတာပေါ်ရှိအစွန်းအထင်းတွေကို သန့် စင်ဖယ်ရှား ပေးနိုင်တာကြောင့်၊
သန့် ရှင်းနူးညံ့တဲ့အ၀တ်စအပေါ် သွားတိုက်ဆေးတို့ ၍
ကွန်ပြူတာလက်ကွက်ခလုတ်များကို ဂျီးချွတ်ပေး လိုက်ပါ။
(၁၁) အ၀တ်အထည်တွေ မီးပူတိုက်ရင်း မီးပူလောင်ကပ်မိတယ် ဆိုကြပါစို့ ။
ချက်ချင်းသွားတိုက်ဆေးနဲ့  အ၀တ်ကိုပွတ်ပေးပြီး နောက်
ရေလျှော်ချလိုက်ပါ(နောက်ထပ်တစ်ကြိမ် မီးပူမတိုက်ခင်မှာ
အ၀တ်မှာသုတ်လိမ်းထားတဲ့ သွားတိုက်ဆေးတွေ လုံးဝ ပြောင်စင်ဖို့ တော့
လိုတယ်နော်)
(၁၂) ကလေးနို့ ဗူးကို ဘယ်လောက်ပဲသန့်စင်အောင်ဆေးဆေး အထဲကနို့ ချဉ်နံ
့စွဲနေသေးတယ်ဆိုရင်တော့ နို့ ဗူးထဲကို သွား တိုက်ဆေးနဲ့ ရေနဲနဲထဲ့၊
အဖုံးပိတ်၍ ခပ်ပြင်းပြင်းခလောက်ပေးပြီး ရေစင်စင်ပြန်ဆေးပေးလိုက်ပါ။
(၁၃) ကွန်ပြူတာလက်ကွက်ခလုတ်မှာလိုဘဲ
စန္ဒရားလက်ကွက်ခလုတ်တွေပေါ်မှာရှိနေတဲ့ လက်ဗွေရာတွေ/အဆီတွေ/ချေး
ညှော်တွေကို သွားတိုက်ဆေးသုံးပြီး သန်စင်လို့ ရပါတယ်။ သန်
့ရှင်းရေးလုပ်ပြီးတဲ့အခါ အ၀တ်ခြောက်တစ်ခုနဲ့ ပြန်ပွတ်တိုက်
ပေးလိုက်ရုံပါဘဲ။
(၁၄) အိမ်နံရံတွေမှာ ကလေးငယ်တွေရောင်စုံခဲတံနဲ့ လက်ဆော့ထားတဲ့
အစွန်းအထင်းတွေအတွက် စိတ်မညစ်ပါနဲ့ ။ အ၀တ်ပေါ် သွားတိုက်ဆေးသုတ်ပြီး
အဲဒီအစွန်းအထင်းတွေကို ဘေးသို့ မပြန့် အောင် စက်ဝိုင်းသဏ္ဍာန်
နာနာဖိပွတ်သန့် စင်ပေးနိုင်ပါတယ်။
(၁၅) ကြက်သွန်ဖြူ-နီ၊ ပြည်ကြီးငါး(ကင်းပွန်)၊ ငါး၊ ပုစွန် စတဲ့ ညှီနံ
့များကိုင်တွယ်ချက်ပြုတ်ပြီးနောက် လက်ကရနံ့ ဆိုးတွေ အလွယ်တကူ
ပျောက်ချင်ပါသလား။ သွားတိုက်ဆေးဖြင့်သာ လက်ကို နာနာပွတ်တိုက်ပြီး
ရေလောင်းချပေးလိုက်ပါ။
�#�ပျိုမေအားလုံးလှပေစေဖို့�
 #Credit>>ပေါက်ပေါက်
 '' Wet n Wild '' Colouricon
~~~~~~~~~~~~~~~~
Eye Shadow Set  & Cheek Colour Set

သဘာဝကျသော အရောင် များဖြင့် အခြေခံ ဖန်တီးပေးထားပြီး ကြာရှည်ခံခြင်း အသားသိပ်ခြင်း နူးညံ့ခြင်း နဲနဲလေးသုံးရုံဖြင့်Color အမှန် အတိုင်းထွက်ပေါ်ခြင်း
ပေးထားတဲ့ ဈေးနဲ့တန်အောင် ပြန်ရတဲ့ အရည်အသွေးအပေါ် စိတ်ကျေနပ်မှု့ အပြည့်အဝ ရစေမယ့်
 Made in USA  ( 100% Original )

Price -7 ,500 kyat/ 1 Set.

 မှာယူလိုပါ
အမည်
ဖုန်း
နေရပ်လိပ်စာတို့ကိုရေးပေးပီ 09422474149 သို့ sms ပို့ပီးမှာနိုင်ပါတယ်ရှင့်

နယ်မှ မှာယူသော Customer များကို ကားဂိတ်အရောက်ပို့ဝန်ဆောင်မှုပေးပါတယ်ရှင့် ..